အွန်လိုင်းဒိုင်ယာရီ....

new layer..1

ရယ်မောစရာလေးများ......

 

                                              
ဦးဦး ဇီးရိုး ခင်ဗျား……
Chat ထဲမှာ ရည်းစားတွေများ နေလို့ ကျောင်းစာတွေ လုပ်ရတာ အခက်အခဲတွေ ရှိနေပါတယ်။ သူတို့နဲ့ ပြတ်အောင် ဘယ်လို လုပ်ရမလဲ ခင်ဗျာ။ ကူညီပါဗျာ။
ဓာတ်ပုံ Send ပေးလိုက်ပါ (ကိုယ့်ဓာတ်ပုံ မှန်ပါစေ) ။ နောက်ဆုံး အဆင့် အနေဖြင့် Webcam ပြလိုက်ပါ။

ဦးဦး ဇီးရိုး ခင်ဗျား…….
ကျွန်တော့် Computer မှာ Ram ပျက်သွား လို့ ခေါင်းစားနေပါတယ်။ မည်သို့ လုပ်သင့်
ကြောင်း အကြံပေး စေလိုပါတယ်

 Ram ပျက်လျင် Rum သောက်လိုက်ပါ။ အားလုံး ကောင်းသွားပါလိမ့်မည်။

ဦးဦး ဇီးရိုး ခင်ဗျား……
ကျွန်တော့်မှာ လှပတဲ့ ညီမတစ်ယောက်ရှိပါတယ် ။ သူ့ကြောင့် သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ရတာလည်း အခါခါပါ။ သူငယ်ချင်းတွေနဲ့ ရန်မဖြစ်ချင်ပါ။ ဘယ်လိုလုပ်ရမလဲ ခင်ဗျာ။
ဦးဦး ကို ပေးလိုက်ပေါ့ကွယ်………

ဦးဦး ဇီးရိုး ခင်ဗျား……
ကျွန်တော်သည် စော်အင်မတန်ကြည် သော်လည်း အသားအင်မတန် မည်းနေပါသဖြင့် ကိုယ့်ကိုယ့်ကို မကျေနပ်နိုင်ပါ။ အသားဖြူနည်းလေး ပေးပါလားခင်ဗျာ။              
ရေပူကို အသားကုန်ဖွင့်၍ တစ်နေ့ ၅ခါချိုးပါ။ နွားနို့ အိုးထဲတွင် တစ်နာရီခန့်စိမ်ပါ။

ဦးဦး ဇီးရိုး ခင်ဗျား……
ညည အိပ်မပျော် ဖြစ်တာကြာပါပြီ။ ကောင်းကောင်း အိပ်ပျော်ချင်ပါတယ်ခင်ဗျာ။   
ညဘက်တွင် အိမ်စာ လုပ်ပါ။  

ဦးဦး ဇီးရိုး ခင်ဗျား……
ကျွန်တော် အင်မတန် ၀ နေသောကြောင့် စော်မကြည်သည် ဟုယူဆမိသောကြောင့် ပိန်ချင်ပါသည်။                                                                     
သံပုရာရည် ကို အိပ်ပျော်ပြီးတစ်ခွက် ၊ မနိုးခင် တစ်ခွက် သောက်ပါ။ ၃ ရက် အတွင်း သိသိသာသာ ပိန်စေရမည်။ ဦးဦးကို ကြည့်။

ဦးဦး ဇီးရိုး ခင်ဗျား……
ဖိုင်နယ် ကျောင်းသားနှင့် ဒုတိယနှစ်ကျောင်းသား မည်သို့ ကွာခြားပါသနည်း။
ရောက်တဲ့ နှစ်ချင်းကွာပါသည်။

ဦးဦး ဇီးရိုး ခင်ဗျား……
စာမေးပွဲအောင်မြင်မှု၏သော့ချက်ကိုသိချင်ပါတယ်ခင်ဗျာ။                                                                                             ၁။ ကျောင်းမှန်မှန်တက် ရမည်။
၂။ ရှေ့ဆုံးတန်းတွင် ထိုင်ရမည်။
၃။ ခေါင်းညိတ် တတ်ရမည်။

ဦးဦး ဇီးရိုး ခင်ဗျား……
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ပါတယ်။အကြံပေးစေချင်ပါတယ်။      
တန်းများများ စီပေးပါ။ မည်သည့်အရာ ကိုမဆို လက်မှတ်ထိုးခိုင်းပါ။ လက်အောက် ငယ်သား များ၏ ဆန္ဒကို ကောက်ခံပြီး ကိုယ်ထင်ရာကို လုပ်ပါ။ အသံကျယ်ပါစေ။

ဦးဦး ဇီးရိုး ခင်ဗျား……
အစည်းအဝေးတွေများနေလို့ စိတ်ညစ်နေရပါတယ်။ ကူညီပါနော်။ တစ်ခါလုပ်လျင် လည်း ထမင်းနှစ်အိုးချက်လောက်ကြာပါသည်။ အစည်းအဝေးတွေ နည်းသွားအောင် မည်သို့ ဆောင်ရွက်သင့်ပါသလဲ ခင်ဗျာ။                                          
စိတ်မပူပါနဲ့ခင်ဗျာ ။အဲဒီကိစ္စအတွက် မနက်ဖြန်မှာ အစည်းအဝေး ထပ်လုပ်ကြပါ လိမ့်မယ်။

..........................................................................................................

ကြိုတင်သတိပေးချက်....

"ဟဲလို မီးသတ်ဌာနကလား ခင်ဗျာ"
"ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ"
"ဒီလိုပါခင်ဗျာ ကျွှန်တော့်အိမ်ရှေ့က ခြံထဲမှာ ငရုပ်နဲ့ခရမ်းချဉ်ပင် စိုက်ထားတာ တော်တော်လေးအောင်မြင်ပါတယ်၊ တစ်နေ့ရောင်းကြေးဟာ နှစ်သိန်း သုံးသိန်း လောက်ရပါတယ်"
"မိတ်ဆွေ ခင်ဗျားမှားနေပြီ၊ ဒါမီးသတ်ဌာနဗျ၊ စိုက်ပျိုးရေးဌာန မဟုတ်ဘူး"
"ဟုတ်ကဲ့ သိပါတယ်ခင်ဗျ၊ အခု ကျွှန်တော့်အိမ်ဘေးမှာ မီးလောင်နေပါတယ်၊ ခင်ဗျားတို့လာပြီးမီးသတ်ရင် ကျွှန်တော့်စိုက်ခင်းကအပင်တွေကို နင်းမိမှာစိုးလို့ပါ။"

 

မောင့်လက်မှတ်လို့.....

 

"မောင်ရေ ကျွှန်မရင်ဘတ်ကရင်ထိုးလေး ခါးပိုက်နှိုက်သွားပြီ ဒုက္ဓ ပါပဲ"
" မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့မင်းရင်ဘတ်လာနှိုက်တာ မင်းမသိဘူးလား"
"သိတော့သိတာပေါ့ မောင့်လိုက်မှတ်လို့ ကြည့်နေလိုက်တာ"