အကြိမ်ကြိမ်မှားခဲ့ဖူးတယ်
ဒါ....
သိရက်နဲ့ဇွတ်တိုးခဲ့တဲ့ ကိစ္စပါ။
တခါတလေ ငါ့အတွက် အမှန်ကန်ဆုံးဆိုပေမယ့်
တယူသန်မှုတွေပါ။
တခါတလေ ပေးဆပ်မှုတွေရှိတယ်
ပြန်ရတဲ့ရလဒ်က မမျှတဘူး။
အကောင်းဆုံး လို့ထင်ခဲ့တဲ့ တစ်ခုကိုရဖို့
ဆုံးရှုံးမှုက အရမ်းတန်ဖိုးကြီးခဲ့တယ်
ဘ၀တစ်ခုလုံးနဲ့ရင်းပြီးကစားတဲ့ပွဲမှာ
ငါ့ဘက်က နှလုံးသားတွေနဲ့
တခါတခါ ရင်းခဲ့ရတယ်။
အနိုင်အတွက်မမျှော်လင့်ဘူး
ငါမသေမချင်းတော့ အရှုံးမပေးခဲ့ဘူး။ဒီအတွက်......
ဒဏ်ရာတွေနင့်နေလည်း ငါ့ဘ၀နဲ့ငါ.........။
န
မိုးလင်းလို့ သတိရမိတာ
ရုံးချိန်မှီဖို့ပေါ့…..
အလုပ်ခွင်ရောက်တဲ့အခါ
ကိုယ့်ကိုနွေးထွေးစွာ ကြိုဆိုကြတယ်
ဒေါသမောဟတွေကပေါ့….
ပြေးလွှား လှုပ်ရှားနေတုန်း
နေမင်းကြီးက ကိုယ့်ကို နှုတ်ဆက်သွားတယ်
သူ့ ဂျူတီကုန်ပြီတဲ့……
အေးမြတဲ့ လရောင်လေးကို ခံစားရင်း
မရိုးနိုင်တဲ့ မေးခွန်းလေးကို မေးနေမိတယ်
ငါက ဘာလဲ ……………။
....အရိပ်
....အရိပ်