ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများ
- ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည်။
- အသေမဦးမိ၊ ဥာဏ်ဦးစီးပြီး ၀ိပဿနာတရား အားထုတ်ပါ။
- ရခဲ့လှတဲ့ လူ့ဘ၀ကို အလွဲသုံးစား အချိန်တွေမဖြုန်းပါနဲ့။
- ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။
- မနေ့ကထက်ကနေ့ သေဖို့ တစ်ရက်နီးသွားပြီဒ
- အပြေးမရပ်တဲ့ ခန္ဓာကိုယ်၊ သုသာန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။
- ခန္ဓာ၏၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တတ္တရားက အသေရှောင်တာ။
- ကိစ္စဟူသရွေ့၊ မဂ်တား၊ ဖိုလ်တား လို့မှတ်ပါ။
- တဏှာလောဘ ခိုင်းတာလုပ်နေလျှင်၊ သေတဲ့အခါ အပါယ်ရောက်မယ်။
- တရားနာနေတဲ့အချိန်ဟာ၊ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
- နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးသာဖြစ်တယ်။
- ရက်ရာဇာ၊ ပြဿဒါးရွေးမနေနဲ့၊ သူတော်ကောင်းအလုပ်လုပ်နေတဲ့ အချိန်ဟာ မင်္ဂလာအချိန်လို့ မှတ်ပါ။
- သာသနာနဲ့ကြုံမှ၊ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်မယ်။
- သစ္စာတရားကို နာမှသိမယ်၊ သိမှ ကျင့်မယ်။
- နားက တရားကိုနာပါ၊ ဥာဏ်က ခန္ဓာကိုလှည့်ပါ။
ကျေးဇူးတော်ရှင်
အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ
